24.08.2024

ယနေ့ခေတ် AI

AI က ဒီနေ့ခေတ်မှာ နေရာတိုင်းမှာတွေ့နေရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ChatGPT ဉာဏ်ရည်တုကနေတဆင့် သိချင်တာတွေအားလုံးကို မေးခွန်းတွေမေးတာ၊ chatbots တွေနဲ့ အပြန်အလှန်ဆက်ဆံရေးအပြင် နည်းလမ်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ကို ဝန်းရံပေးထားပါတယ်။ ဉာဏ်ရည်တုနည်းပညာဟာပိုပြီးကျယ်ပြန့်လာတာနဲ့အမျှ ကဏ္ဍတိုင်းနီးပါးကို AI က တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိလာပါတယ်။ ဒါဆို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ AI ကိုအသုံးပြုပြီး ဘယ်လိုလုပ်ငန်းနယ်ပယ်တွေမှာ အသုံးပြုလာကြပြီလဲ ? ● Finance ● Education ● Content ● Healthcare ● Shopping ● Transportation ● Chatbots and assistants ● Facial recognition ● Spam filters ● Testing ကဲ! သင်မြင်တဲ့အတိုင်း ဒီနေ့ခေတ် ဥာဏ်ရည်တုကိုအသုံးချမှုတွေဟာ လက်တွေ့မှာ မရေမတွက်နိုင်အောင်ဖြစ်လာပြီး အချိန်ကြာလာတာနဲ့အမျှ ဒီစာရင်းဟာ ထပ်တိုးလာနိုင်တာကို ကျွန်တော်တို့အနေနဲ့ မျက်ဝါးထင်ထင်မြင်ကြရဦးမှာပါ။

24.08.2024

ဂျပန်နိုင်ငံရဲ့ ထိပ်တန်း IT အလုပ် (၅) ခု

ဂျပန်နိုင်ငံဟာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း (DX) ကို တက်တက်ကြွကြွမြှင့်တင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ ဉာဏ်ရည်တု၊ စက်ရုပ်များနဲ့ blockchain လိုမျိုး နည်းပညာတွေ လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲနေတာကြောင့် ကျွမ်းကျင် IT ပညာရှင်များစွာလိုအပ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ သင့်ရဲ့အသက်မွေးဝမ်းကြောင်း Career ကို ဂျပန်နိုင်ငံမှာ IT ပညာရှင်တစ်ယောက်အနေနဲ့ အခြေချဖို့ စီစဉ်ထားခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ ထိပ်တန်း IT အလုပ် (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။ Software Developers: ဂျပန်နိုင်ငံရဲ့စက်မှုလုပ်ငန်းခွင်တွေမှာ နည်းပညာနဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဟာ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ Application တွေတည်ဆောက်ဖို့နဲ့ ထိန်းသိမ်ဖို့အတွက် Programming ဘာသာစကားအမျိုးမျိုးကျွမ်းကျင်တဲ့ Developer များစွာလိုအပ်ပါတယ်။ Cybersecurity Experts: ဆိုက်ဘာခြိမ်းခြောက်မှုတွေ ပိုပြီးခေတ်စားလာတာနဲ့အမျှ ကုမ္ပဏီတွေဟာ သူတို့ရဲ့ဒေတာနဲ့ အခြေခံအဆောက်အအုံတွေကိုကာကွယ်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးအပေါ်မှာ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံနေကြတာကြောင့် Cybersecurity ကျွမ်းကျင်ပညာရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေရရှိလာနိုင်ပါတယ်။ Data Scientists: ကုမ္ပဏီတွေမှာ ရှုပ်ထွေးတဲ့ဒေတာတွေနဲ့ပတ်သက်ပြီး analyze လုပ်ပေးနိုင်ဖို့နဲ့ လုပ်ငန်းတိုးတက်မှုကို တွန်းအားပေးနိုင်ဖို့အတွက် သေချာ Inform လုပ်ပေးနိုင်တဲ့ ကျွမ်းကျင်သူတွေလိုအပ်လာပါတယ်။ Cloud Engineers: လုပ်ငန်းတွေဟာ သူတို့ရဲ့လုပ်ငန်းဆိုင်ရာအချက်အလက်တွေကို cloud ထဲကိုရွှေ့လာကြတာနဲ့အမျှ coud Infrastructure နဲ့ ဝန်ဆောင်မှုတွေကို ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော်ဖို့နဲ့ စီမံခန့်ခွဲနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေလိုအပ်ပါတယ်။ AI and Machine Learning Specialists: ဉာဏ်ရည်တုနဲ့ Machine Learning တွေ တိုးတက်လာတာနဲ့အတူ ကုမ္ပဏီတွေဟာ စွမ်းဆောင်ရည်မြှင့်တင်ဖို့နဲ့ လုပ်ငန်းစဉ်တွေကို အလိုအလျောက်လုပ်ဆောင်နိုင်ဖို့၊ လုပ်ငန်းအခွင့်အလမ်းသစ်တွေဖန်တီးနိုင်ဖို့အတွက် AI-driven ဖြေရှင်းချက်တွေကို တီထွင်အကောင်အထည်ဖော်ဖို့ ကျွမ်းကျင်သူတွေကို ရှာဖွေလျက်ရှိပါတယ်။

04.03.2024

NHM College ကဖွင့်လှစ်မည့် ITPEC ကဘာတွေတမူထူးခြားနေလဲ?

ITPEC ဆိုတာ ဂျပန်နိုင်ငံအစိုးရ အသိအမှတ်ပြု IPA (IT Promotion Agency) က ကြီးမှူးကျင်းပပြီး အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ ဖီလစ်ပိုင်နိုင်ငံတို့က တရားဝင်အသိအမှတ်ပြုထားတဲ့ စာမေးပွဲ (ITPEC Exam) တစ်ခုလည်းဖြစ်ပါတယ်။ ITPEC Exam ကို တစ်နှစ်တွင် အထက်ပါနိုင်ငံပေါင်း (၇) နိုင်ငံမှာ ဧပြီလနှင့် အောက်တိုဘာလတို့မှာ တစ်ချိန်တည်း တစ်ရက်တည်းကျင်းပကြပါတယ်။ စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူတိုင်း နိုင်ငံတကာအသိအမှတ်ပြု ITPEC Certificate ရရှိပြီး နိုင်ငံတကာတွင် IT နှင့် ပတ်သက်သော အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်တဲ့ အခွင့်အရေးလဲဖြစ်ပါတယ်။ ITPEC ကို အခုခေတ်လူငယ်တော်တော်များများ စိတ်ဝင်စားလာကြတယ်။ သင်တန်းကျောင်းတွေလည်း အများအပြားဖွင့်လှစ်လာကြပါတယ်။ ဒီသင်တန်းတွေအများကြီးထဲက သင်တန်းတက်ရောက်နေသလိုမဟုတ်ပဲ ကျွန်တော်တို့ NHM IT & Business College နှင့် ဂျပန်နိုင်ငံအခြေစိုက် Morioka IT, Business & Design College တို့ ပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါတယ်။ ကျောင်းသား/သူများအတွက် မြန်မာနိုင်ငံမှာမရှိသေးတဲ့ အထူးအခွင့်အရေးတွေ အားသာချက်တွေနဲ့ သေချာတဲ့အနာဂတ်ကို ဖန်တီးယူနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ NHM College သည် ကျောင်းသား/သူများ၏ တောင်းဆိုမှုကြောင့် ITPEC Courses ကို ထပ်မံဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါသည်။ ကျွန်ုပ်တို့ NHM College သည် မြန်မာနိုင်ငံမှာပထမဆုံး ဂျပန်နိုင်ငံအခြေစိုက် IT နည်းပညာရှင်များထွက်ရှိရာ MORIOKA College နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံက ကျွမ်းကျင်အတတ်ပညာရှင်များနှင့် မြန်မာနိုင်ငံမှ အတတ်ပညာရှင်များပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ NHM College မှာ ITPEC (၂) နှစ် တက်ရောက်ရမှာဖြစ်ပြီး (၁) နှစ် (၈) လအတွင်း ဂျပန်စာ N2 အထိ ရောက်ရှိအောင် သင်ကြားပေးမည့်အပြင် အင်္ဂလိပ်စာ 4 skills ကိုလည်းထပ်မံသင်ကြားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် NHM IT & Business College တွင် သင်ကြားပေးမည့် ITPEC Courses သည် ဂျပန်နိုင်ငံ Morioka College ၏ Guide Line အတိုင်းသင်ကြားပေးသွားမှာဖြစ်ပြီး စာတွေ့၊ လက်တွေ့ သင်ကြားသည့်စနစ်အပြင် Projects များလည်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ပြည်တွင်းရှိ ကုမ္ပဏီများနှင့်ချိတ်ဆက်၍ Internship program များစီစဉ်ထားသောကြောင့် ကျောင်းသား/သူများသည် အတွေ့အကြုံကောင်းများကို ရရှိစေမှာဖြစ်ပါတယ်။ NHM College တွေအောင်မြင်ပြီးဆုံးသွားပါက ဂျပန်နိုင်ငံတွင်သာမက အခြားပြည်တွင်း၊ ပြည်ပနိုင်ငံများတွင်ပါ လုပ်ငန်းခွင်ကို ချက်ချင်းဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ NHM College ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုရင် မြန်မာနိုင်ငံတွင် မည်သည့် ITPEC ကျောင်းများမှ ပေးအပ်ခြင်းမရှိသေးသည့် ဂျပန်နိုင်ငံတွင် အလုပ်ရှာရလွယ်ကူစေရန် ဂျပန်နိုင်ငံအသိအမှတ်ပြု ထောက်ခံချက်လက်မှတ်ကို ကျွန်ုပ်တို့၏ မိတ်ဖက် MORIOKA College က ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ 𝐈𝐓𝐏𝐄𝐂 𝐄𝐱𝐚𝐦 အတွက်ဘာတွေသင်ကြားပေးမှာလဲ? 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 𝐅𝐢𝐞𝐥𝐝 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐅𝐢𝐞𝐥𝐝 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐅𝐢𝐞𝐥𝐝 𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐮𝐫𝐬𝐞𝐬 C++ Java Python Web Development CCNA Networking A+ Microsoft Azure Fundamental Japanese (N5, N4, N3, N2) ဘယ်သူတွေတက်ရောက်သင့်လဲ? လက်ရှိတွင် ပညာရေးတစ်ပိုင်းတစ်စဖြစ်နေသော ကျောင်းသား/သူများ အလယ်တန်းနှင့် အထက်တန်းအောင်မြင်ပြီး ကျောင်းသား/သူများ IT ပညာရပ်ကို စိတ်ပါဝင်စားသူများ၊ Japan နိုင်ငံရှိကုမ္ပဏီကြီးများတွင် IT ပညာရှင်တစ်ယောက်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ တက်ရောက်သင့်ပါသည်။

04.03.2024

ITPEC စာမေးပွဲလည်းဖြေပြီးပြီ ဒါပေမယ့် အလုပ်ရှာမရလို့ လမ်းစပျောက်နေလို့ စိတ်ညစ်နေပါသလား?

ITPEC စာမေးပွဲလည်းဖြေပြီးပြီ ဒါပေမယ့် အလုပ်ရှာမရလို့ လမ်းစပျောက်နေလို့ စိတ်ညစ်နေပါသလား? ဒါတွေကို 2023 မှာထားခဲ့လိုက်ပါ။ ဂျပန်နိုင်ငံမှာ ဂျပန်နိုင်ငံသားတွေနည်းတူ လစာအခွင့်အရေးရစေဖို့ ဂျပန်နိုင်ငံသားတွေနဲ့ ရင်ဘောင်တန်းပြီးအလုပ်လုပ်နိုင်ဖို့ ရာနှုန်းပြည့်အာမခံချက်ရှိတဲ့ NHM IT & Business College ရှိနေပါပြီ သင်တန်းပြီးတာနဲ့ အလုပ်ခွင်ကိုတန်းပြီးဝင်ရောက်ချင်သူတွေအတွက် ကျွန်တော်တို့ NHM IT & Business College မှာ အချိန် (၂) နှစ် ပေးတက်ရောက်လိုက်မယ်ဆိုရင် - နံပါတ်တစ်အနေနဲ့ ဂျပန်နိုင်ငံအသိအမှတ်ပြုအဆင့်မြင့် IT Diploma ပညာရပ်တွေကို ရန်ကုန်မြို့မှာတင်သင်ကြားခွင့်ရမယ်။ နံပါတ်နှစ်အနေနဲ့ ဂျပန်နိုင်ငံအခြေစိုက် IT နည်းပညာရှင်များ ထွက်ရှိရာ MORIOKA College ကနေပေးအပ်တဲ့ အဆင့်မြင့်IT နည်းပညာ Diploma ကိုရယူနိုင်မယ်။ နံပါတ်သုံးအနေနဲ့ ဂျပန်နိုင်ငံအသိအမှတ်ပြု အဆင့်မြင့် IT Diploma လက်မှတ်ကို မြန်မာနိုင်ငံတွင်အချိန်တိုလေးအတွင်း ရယူနိုင်သလို ထူးချွန်ကျောင်းသားများအတွက်လည်းမြောက်များစွာသောအခွင့်ရေးများကစောင့်ကြိုနေပါတယ် နံပါတ်လေးအနေနဲ့ ဂျပန်နိုင်ငံမှာ အလုပ်ရှာရလွယ်ကူစေဖို့ရန်အတွက် ဂျပန်နိုင်ငံအသိအမှတ်ပြု Recommendation Letter နှင့် Reference Letter ကို NHM IT & Business College ရဲ့မိတ်ဖက် ဂျပန်နိုင်ငံအခြေစိုက် MORIOKA College ကနေ ထပ်မံပေးအပ်သွားမယ်။ နံပါတ်ငါးအနေနဲ့ မြန်မာနိုင်ငံမှာတင်မဟုတ်ပဲ ဂျပန်နိုင်ငံမှာပါ IT ပညာရှင်တ‌စ်ယောက်အနေဖြင့် ဂျပန်နိုင်ငံသားတွေနည်းတူလစာအခွင့်အရေးရရစေဖို့၊ ဂျပန်နိုင်ငံသားတွေနဲ့ ရင်ဘောင်တန်းပြီး IT Professional တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ဝင်ရောက်နိုင်စေဖို့ 100% အာမခံပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် လာရောက်သင်ကြားမယ့် ကျောင်းသား/ ကျောင်းသူတွေအနေနဲ့ကတော့ ဂျပန်နိုင်ငံရဲ့သင်ရိုးတွေအတိုင်း ဂျပန်ဆရာများကိုယ်တိုင်သင်ကြားပေးမှာမို့ဂျပန်စာ Level N2 ထိရှိနေပေးဖို့တော့ လိုအပ်ပါတယ်ဗျ။

04.03.2024

ဂျပန်နိုင်ငံအခြေစိုက် Morioka College ကနေ မြန်မာနိုင်ငံရှိ ကျောင်းသား/ ‌ကျောင်းသူများဆီသို အခွင့်အ‌လမ်းများယူဆောင်လာခဲ့

IT နဲ့ တီထွင်မှုနည်းပညာဘာသာရပ်ကို လေ့လာသင်ယူပြီး ဂျပန်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ဂျပန်နိုင်ငံအခြေစိုက် Morioka College ကနေ မြန်မာနိုင်ငံရှိ ကျောင်းသား/ ‌ကျောင်းသူများဆီသို အခွင့်အ‌လမ်းများယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Morioka College က ဂျပန်နိုင်ငံမှာ IT မျိုးဆက်သစ် လူငယ်ပညာရှင်များ အမြောက်အမြား မွေးထုတ်ပေးနေတဲ့ ကျောင်းပဲဖြစ်ပါတယ်။ Morioka College မိတ်ဆက်ပေးရမယ်ဆိုရင် Morioka မြို့လေးကို အရင်မိတ်ဆက်ပေးရပါမယ်။ ဒီမြို့လေးဟာ ဂျပန်နိုင်ငံအထက်ပိုင်းမှာတည်ရှိပြီး ဆောင်းရာသီဆို ဆီးနှင်းတွေ ကျရောက်လေ့ရှိတဲ့ Iwate ခရိုင်ရဲ့ လှပတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်။ ဒါ့တွေမက နာမည်ကျော် လည်ပတ်ချင်စရာ နေရာတွေကလည်း အများအပြားရှိနေပါသေးတယ်။ Ishiwarizakura လို့ခေါ်တဲ့ ကျောက်တုံးနှစ်တုံးကြားကနေ ထူးဆန်းစွာခွဲထွက်ပြီး ရှင်သန်နေတဲ့ Cherry ပင်ကြီး ခန်းနားလှပလွန်းတဲ့ Morioka Hachimangu Shirine ဘုရားကျောင်းကြီး လှပတဲ့တောင်တန်းကြီးနောက်ခံထားပြီး ချယ်ရီပင်တွေ စီတန်းပေါက်ရောက်နေတဲ့ Koiwai လယ်ကွင်းကြီး အစရှိတဲ့ နေရာတွေကလည်း ဒီမြို့ကိုလာရောက်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ မိမိအနေနဲ့ ဒီဘာသာရပ်တွေကို စိတ်ဝင်စားပေမယ့် ဂျပန်နိုင်ငံကိုသွားရောက်ဖို့အခက်အခဲရှိနေလည်း စိတ်မပူပါနဲ့။ ယခုအခါ ကျွန်တော်တို့ NHM College နှင့် ဂျပန်နိုင်ငံအခြေစိုက် Morioka College တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ ‌‌ကျောင်းသား/ ကျောင်းသူများအနေဖြင့် ITနဲ့ Programingပညာဘာသာရပ်ကို အလွယ်တကူသင်ကြားနိုင်ပြီး ပညာရှင်များဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်၌ ဂျပန်နိုင်ငံအသိအမှတ်ပြု Diploma ကျောင်းကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် ကျောင်းသား/ ကျောင်းသူများအတွက် ဘယ်မှာမှမရှိတဲ့ အခွင့်အလမ်းကတော့ မြန်မာနိုင်ငံမှာပဲနေပြီး ဒီဘာသာရပ်တွေကို ဂျပန်နိုင်ငံကသင်ရိုးနဲ့ စာမေးပွဲပုံစံအတိုင်း အတိအကျသင်ကြားပေးမှာဖြစ်တဲ့အပြင် ဂျပန်နိုင်ငံတွင်မရှိသေးတဲ့ လုပ်ငန်းခွင်သုံး English ဘာသာရပ်ကိုပါ ပူးတွဲသင်ကြားပေးဦးမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွေ့အကြုံကောင်းများရရှိနိုင်ရန် ကျောင်းတက်နေစဥ်အတွင်း လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ Internship Program များဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ (၂) နှစ် သင်ကြားပြီးတာနဲ့ ဂျပန်နိုင်ငံရှိလုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်လား? ဒါမှမဟုတ် မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီတွေမှာ ဝင်လုပ်ချင်လား? မိမိတို့‌‌ကျောင်းက စီစဥ်ပေးအုံးမှာဖြစ်ပါတယ်။ Diploma ကျောင်းမှာ ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်များအပြင် မြန်မာနိုင်ငံကပညာရှင်များဖြင့် ပူးပေါင်း၍ သင်ကြားပေးမည့် ဘာသာရပ်များကတော့ WEB Programmer Course Game Programmer Course Embedded System Course System Engineer Course Smart Device Application Course Network Engineer Course Information Security Course Information Business Course Publish Business Course Graphic Design Course Comprehensive Design Course Anime & Manga Course အစရှိတဲ့ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် IT နည်းပညာကို စိတ်ဝင်စားသူ လူငယ်များ၊ မိဘများအနေဖြင့် မိမိတို့ကျောင်းကို စုံစမ်းလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

04.03.2024

21 ရာစုကို ဘယ်လိုတင်စားကြသေးလဲ?

ဟုတ်ပါတယ်… နည်းပညာခေတ် IT ခေတ်လို့ တင်စားကြပါတယ်။ ဘာကြောင့်ဒီလိုတင်စားကြသလဲဆိုတာကို မသိသေးတဲ့လူတွေလည်း အခုဆိုရင် ကွက်ကွက်ကွင်းကွင်း သိလာကြပါပြီ။ Game ဆော့မလား? အလုပ်ကိစ္စအတွက်အသုံးပြုမလား? Mobile Banking နဲ့ငွေလွှဲမလား? စတဲ့ နေ့တဓူဝ လုပ်ဆောင်နေကျအရာတွေမှာ IT နှင့် မပတ်သတ်အရာတစ်ခုမှမရှိပါဘူး။ ဒါတွေအကုန်လုံးက နည်းပညာတွေအခြေခံပြီး ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အခုခေတ် လူငယ်တွေအကုန်လုံးဟာဆိုရင် ခေတ်နဲ့အညီ Mobile Phone တစ်လုံးဆီရှိကြပါတယ်။ Mobile Phone ဆိုရင်လဲ IT နည်းပညာကို အခြေခံပြီးဖြစ်လာတာပါ။ ဒီထဲမှာ Software, Hardware, Networking ဒါတွေကို အခြေခံထားပါတယ်။ IT နဲ့ပတ်သတ်ပြီး နောက်တဆင့် ကျွန်တော်တို့ ထိတွေ့ရတာက Computer လို့ပြောရမှာပါပဲ။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးအားလုံးမသိသေးဘူးဆိုရင်တောင် အနည်းငယ်လောက်ကိုသိတယ်ဆိုမှသာ သုံးလို့အဆင်ပြေမယ်လို့ ပြောလို့ရပါတယ်။ နည်းပညာနဲ့သာ အကျွမ်းတဝင်ဖြစ်နေမယ်ဆိုရင် Mobile Phone တစ်လုံးနဲ့ ဝင်ငွေရှာဖို့ဆိုတာ မခက်ခဲတော့တဲ့ ကိစ္စတခုပါပဲ။ လူငယ်ချင်းအတူတူ ဆိုရင်တောင် နည်းပညာကို အသုံးချတတ်သူနဲ့ အကျွမ်းတဝင် မဖြစ်တဲ့သူဟာ ဒီနေရာမှာ ကွာဟချက်လေးတွေရှိလာပါပြီ။ အရင်ကဆိုရင် စာတွေကို စာပို့ခိုတွေ စာတိုက်တွေကနေတဆင့် ပို့ကြတာမျိုးတွေဟာ IT နည်းပညာကိုသာ အသုံးပြုတတ်နေမယ်ဆိုရင်တော့ ဒါတွေက လွယ်ကူနေလွန်းနေပါပြီ။ ကမ္ဘာတဖက်ခြမ်းက အချက်အလက် အကုန်လုံးကို မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ ကမ္ဘာတခုလုံးက သိရဖို့ဆိုတာက IT သာ မရှိဘူး မဖွံ့ဖြိုးဘူးဆိုရင် ဖြစ်နိုင်ပါ့မလား? အချိန်တွေပိုကုန်မယ် လူပင်ပန်းမယ် ဒါပေမယ့် ပြောချင်တဲ့ အကြောင်းအရာ က လူတိုင်းဆီ ‌‌ရောက်ဖို့က ရာခိုင်နှုန်း အရမ်းကိုနည်းပါတယ်။ ဒါကြောင့်ပဲ လူငယ်တိုင်း အိပ်မက်က IT Field ထဲ မှာပဲ ကျင်လည်နေတာဆိုတာကငြင်းမရတဲ့အချက်တခုဖြစ်နေတာပါ။ နောက်တခုအနေနဲ့ World Richest Man တစ်ဦးဖြစ်တဲ့ Elon Musk ဘာကြောင့် ဒီနေရာရောက်လာသလဲ ဆိုတဲ့မေးခွန်းရဲ့နောက်ကွယ်က အဖြေကတော့ Information Technology ကြောင့်ပဲဆိုတာ သိကြမယ်ထင်ပါတယ်။ 21 ရာစုကုန်သွားလို့ နောက်လာမယ့် ရာစုနှစ်တိုင်းမှာ IT က ဒီနေ့ထပ် ပိုပိုပြီး တိုးတက်လာမယ့် အခြေအနေပဲရှိနေတာကြောင့် IT Field ဟာ လူငယ်တိုင်း နဲ့ရင်းနှီးနေဖို့ဆိုတာ အ‌ရေးအကြီးဆုံး အချက်ပါပဲ။ ဒါကြောင့်တစ်ကမ္ဘာလုံးမှာ လွှမ်းမိုးမှု အမြန်ဆုံးနဲ့ လွှမ်းမိုးမှုအကြီးဆုံး နယ်ပယ်အဖြစ် ရပ်တည်‌‌နေတာ ဖြစ်ပါတယ်။ ဒီလို လွှမ်းမိုးမှု အမြန်ဆုံးနဲ့ လွှမ်းမိုးမှုအကြီးဆုံး နယ်ပယ်ထဲမှာ ပညာရှင်တစ်ဦးအဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ NHM College နဲ့မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ NHM College ဟာဆိုရင် ဂျပန်နိုင်ငံအခြေစိုက် Morioka College တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိ တဲ့‌‌ကျောင်းသား/ ကျောင်းသူတွေအတွက် တီထွင်မှု နည်းပညာဘာသာရပ် ( IT) နဲ့ပတ်သက်ပြီး ပညာရှင်များဖြစ်စေဖို့ အာမခံချက်အပြည့်ရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ NHM College မှာ ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်များအပြင် မြန်မာနိုင်ငံကပညာရှင်များနဲ့ ပူးပေါင်းပြီး သင်ကြားပေးမယ့် Diploma courses တွေအနေနဲ့ WEB Programmer Course Game Programmer Course Embedded System Course System Engineer Course Smart Device Application Course Network Engineer Course Information Security Course Information Business Course Publish Business Course Graphic Design Course Comprehensive Design Course Anime & Manga Course Diploma courses တွေကို သင်ကြားပို့ချပေးနေတာကြောင့် မိဘတွေအနေနဲ့ သားသမီးတွေအတွက် ထိပ်ဆုံးကနေရွေးချယ်သင့်တဲ့ ကျောင်းတ‌စ်‌ကျောင်း ဖြစ်ပါတယ်။ အကြီးမားဆုံး အာသာချက်ကတော့ မြန်မာနိုင်ငံမှာပဲနေပြီး Diploma courses တွေကို ဂျပန်နိုင်ငံက အဆင့်မြင့်သင်ရိုးနဲ့ စာမေးပွဲပုံစံအတိုင်း ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် အတိအကျသင်ကြားပေးမှာဖြစ်တဲ့အပြင် ဂျပန်နိုင်ငံမှာမရှိသေးတဲ့ လုပ်ငန်းခွင်သုံး English ဘာသာရပ်ကိုပါ ပူးတွဲသင်ကြားပေးဦးမှာဖြစ်ပါတယ်။ အဲ့ဒါတွေအပြင် သက်ဆိုင်ရာ Program မှာသင်ကြားအောင်မြင်ပြီးရင်တော့ ဂျပန်နိုင်ငံကိုသွားရောက်ပြီး ခမ်းခမ်းနားနား နဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ခွင့်ရဦးမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွေ့အကြုံကောင်းများရရှိနိုင်ဖို့အတွက် ကျောင်းတက်နေစဥ်အတွင်းမှာပဲ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး Internship Program တွေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နည်းပညာနယ်ပယ်မှာ အလုပ်လုပ်ချင်လား? ဒါမှမဟုတ် မြန်မာနိုင်ငံမှာရှိ တဲ့ ထိပ်တန်း ဂျပန်ကုမ္ပဏီတွေမှာ ဝင်လုပ်ချင်လား? ကျွန်တော်တို့ NHM College က စီစဥ်ပေးအုံးမှာ ဖြစ်ပါတယ်။

04.03.2024

အကယ်၍ သင်ဟာ Science Technology ပိုင်းမှာ စိတ်အားထက်သန်စွာ လေ့လာသင်ယူလိုပြီး အောင်မြင်တိုးတက်နေတဲ့ ဂျပန်နိုင်ငံကြီးမှာ IT Professional အဖြစ်အသက်မွေးချင်သူ လူငယ်တစ်ဦးဖြစ်ပါသလား?

NHM နှင့် MORIOKA Japan တို့ပူးပေါင်းပြီး ပြည်ပမှ ပညာရှင်များကိုယ်တိုင် တိုက်ရိုက်သင်ကြားပေးမည့် Japan Diploma မှာ Professional IT Career လမ်းကြောင်းကို သင့်အတွက် အကောင်းမွန်ဆုံး ပုံဖော်ပေးနေပြီပဲဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းသား/သူများနည်းတူ လုပ်ငန်းခွင်ဝင်ရောက်နိုင်သော ပညာရှင်များအဖြစ် ပြုစုပျိုးထောင်ပေးမယ့်အပြင် မိမိရွေးချယ်ထားသောဘာသာရပ်အလိုက် ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ကောင်းရရှိနိုင်ရန် အာမခံချက်အပြည့်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်လို့ ယခုပဲတက်ရောက်နိုင်ရန် စာရင်းပေးသွင်းလိုက်ပါ။ Hotline Numbers : 09 777 720 550, 09 444 615 550

04.03.2024

ITPEC (Information Technology Passport Examination) ဆိုတာဘာလဲ?

21 ရာစုရောက်ရှိချိန်မှာ နည်းပညာတွေ အံ့မခန်းထွန်းကားလာမှုနဲ့အတူ ထိုနည်းပညာတွေကို ပိုပြီးဖွံ့ဖြိုးတိုး‌တက်အောင် နေ့စဉ်နှင့်အမျှ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတောင် ရပ်တဲ့သွားခြင်းမရှိတဲ့အလျောက် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးကာစနိုင်ငံတွေမှာဆိုရင် ပိုပြီးနည်းပညာရှင်တွေကို လိုအပ်နေပါတယ်။ ထိုကြောင့် နိုင်ငံအသီးသီးမှာ IT နည်းပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ IT နည်းပညာကို စိတ်ဝင်စားတဲ့ ခေတ်လူငယ်အတတ်ပညာရှင်များဟာ ITPEC Program ကို လေ့လာသင်ယူနေကြပါတယ်။ ITPEC ဆိုတာ ဂျပန်နိုင်ငံအစိုးရ အသိအမှတ်ပြု IPA (IT Promotion Agency) က ကြီးမှူးကျင်းပပြီး အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ထိုင်း၊ ဗီယယ်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့က တရားဝင်အသိအမှတ်ပြုထားတဲ့ စာမေးပွဲ (ITPEC Exam) တစ်ခုလည်းဖြစ်ပါတယ်။ ITPEC Exam ကို တစ်နှစ်တွင် အထက်ပါနိုင်ငံပေါင်း (၇) နိုင်ငံမှာ ဧပြီလနှင့် အောက်တိုဘာလတို့တွင် တစ်ချိန်တည်း တစ်ရက်တည်းကျင်းပကြပါတယ်။ စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူတိုင်း နိုင်ငံတကာအသိအမှတ်ပြု ITPEC Certificate ရရှိပြီး နိုင်ငံတကာတွင် IT နှင့် ပက်သတ်သော အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်တဲ့ အခွင့်အရေးလဲဖြစ်ပါတယ်။ 𝐈𝐓𝐏𝐄𝐂 𝐄𝐱𝐚𝐦 အတွက်ဘာတွေသင်ယူရမှာလဲ? 𝗜𝗣 နဲ့ 𝗙𝗘 𝗘𝘅𝗮𝗺 တွေကို ဖြေဆိုအောင်မြင်နိုင်ဖို့ IT ရဲ့ အခြေခံပညာရပ်မှ အစပြုပြီး 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆, 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နဲ့ 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 ပတ်သတ်တာတွေကို စာတွေ့ / လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 ပိုင်းနဲ့ 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗶𝗻𝗴 ပိုင်းမှာ Professional ကျကျ လုပ်ကိုင်နိုင်ရန် လိုအပ်တဲ့ ဘာသာရပ်များဖြစ်တဲ့ ..... - C++ - Java, - Web Development, - A+, - CCNA, - Networking, - Microsoft Azure Fundamental အစရှိတဲ့ဘာသာရပ်တွေကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်သည့်အပြင် အင်္ဂလိပ်စာ၊ ဂျပန်စာကိုလည်း N2 Level အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ NHM College သည် ကျောင်းသား/သူများတောင်းဆိုမှုကြောင့် ITPEC သင်တန်းကျောင်းကိုလည်း ထပ်မံဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါသည်။ ကျွန်ုပ်တို့ NHM College သည် မြန်မာနိုင်ငံမှာပထမဆုံး ဂျပန်နိုင်ငံအခြေစိုက် IT နည်းပညာရှင်များထွက်ရှိရာ MORIOKA College နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံက ကျွမ်းကျင်အတတ်ပညာရှင်များနှင့် မြန်မာနိုင်ငံ အတတ်ပညာရှင်များပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေး နေပါတယ်။ ကျွန်ုပ်တို့ NHM College ကိုဘာကြောင့်ရွေးချယ်သင့်လဲဆိုရင် မြန်မာနိုင်ငံတွင် မည်သည် ITPEC ကျောင်းများမှ ပေးအပ်ခြင်းမရှိသေးသည် ဂျပန်နိုင်ငံတွင် အလုပ်ရှာရလွယ်ကူစေရန် ဂျပန်နိုင်ငံအသိအမှတ်ပြု Recommendation Letter နှင့် Reference Letter ကို MORIOKA College က ကိုယ်တိုင်ပေးအပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ITPEC Exam အတွက် ဘယ်သူတွေတက်ရောက်သင့်လဲ? (၉) တန်းအောင်မြင်ပြီးကျောင်းသား/သူများနှင့် (၁၀) တန်းအောင်မြင်ပြီးသူများ IT Professional Certificate ရရှိလိုသူများ၊ ဂျပန်နိုင်ငံရှိကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လိုသူများ Japan နိုင်ငံရှိကုမ္ပဏီကြီးများတွင် IT ပညာရှင်တစ်ယောက်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ၊ IT ပညာရပ်ကို စိတ်ပါဝင်စားသူများ၊

24.01.2024

NHM IT & Business College Grand Opening Ceremony

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း (၇၀) ကျော်ကြာ IT နည်းပညာရှင်များစွာကို မွေးထုတ်ပေးနေတဲ့ Morioka IT, Business & Design College နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ပထမဆုံး IT College ဂျပန်နိုင်ငံ၏မိတ်ဖက်ကျောင်းခွဲအဖြစ် NHM IT & Business College ကို ဇန်နဝါရီလ (၂၀) ရက်နေ့ Melia Yangon Hotel တွင် ကြီးကျယ်ခမ်းနားအောင်မြင်စွာဖြင့် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ… IT နှင့် ပတ်သက်ပြီး စိတ်ဝင်စားသော ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်တို့အတွက် ရွေးချယ်စရာ အသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံမှာစတင် မိတ်ဆက်လိုက်ပါပြီ။ ဂျပန်နိုင်ငံတွင် IT နည်းပညာရှင်အဖြစ် ရပ်တည်ဖို့ ခိုင်မာပြီး အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် ITPEC နှင့် အဆင့်မြင့် Japan IT Diploma တန်းခွဲများကို စတင်ဖွင့်လှစ် သင်ကြားတော့မှာဖြစ်ပါတယ်ခင်ဗျာ… မြန်မာနိုင်ငံမှ နည်းပညာရှင်လေးတွေကို မြေထောင်မြှောက်မွေးထုတ်ပေးနိုင်ရန်၊ တိုးတက်အောင်မြင်စေရန်၊ လူငယ်လူရွယ်လေးတွေရဲ့ ဘဝအာမခံချက်ခိုင်မာစေရန်ရည်ရွယ်ပြီး မိမိအတွက်ရော နိုင်ငံ့အတွက်ပါ လှပတဲ့အနာဂါတ်ကို အတူတူလျှောက်လှမ်းရင်း အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့ရဲ့ NHM IT & Business College ကနေ ကြိုဆိုနေပါတယ်။

1 2 3 4 5