Articles & News
11.02.2026
NHM Badminton Day
NHM IT & Business College ရဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးအတွက် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေဖို့ Wow Sports Complex မှာ Badminton ပြိုင်ပွဲလေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
စာသင်ခန်းထဲက ပညာရေးအလင်းရောင်တွေအပြင်… အားကစားကွင်းထဲက စိတ်တက်ကြွမှု အလင်းရောင်တွေကိုပါ NHM မိသားစုဝင်တွေ ရယူခံစားနိုင်ခဲ့တဲ့ ဒီနေ့ရက်လေးကတော့ တကယ်ကို အမှတ်တရရှိပြီး ပျော်ရွှင်စရာကောင်းခဲ့ပါတယ်!
ပြိုင်ပွဲဝင်များရဲ့ စိတ်ဓာတ်တက်ကြွစွာ ယှဉ်ပြိုင်မှုများ၊ အားပေးသူများရဲ့ ဟစ်အော်အားပေးသံများနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။ အတူတူ အားကစားလုပ်ခြင်းဖြင့် NHM မိသားစုဝင်တွေဟာ ပိုပြီး စည်းလုံးမှု ရရှိခဲ့ကြပါတယ်။
ချန်ပီယံများအားလုံးကို ဂုဏ်ပြုပါတယ်! အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။
NHM College ရဲ့ နောက်ထပ် စိတ်လှုပ်ရှားစရာ လှုပ်ရှားမှုတွေအတွက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။