04.03.2024

ITPEC (Information Technology Passport Examination) ဆိုတာဘာလဲ?

21 ရာစုရောက်ရှိချိန်မှာ နည်းပညာတွေ အံ့မခန်းထွန်းကားလာမှုနဲ့အတူ ထိုနည်းပညာတွေကို ပိုပြီးဖွံ့ဖြိုးတိုး‌တက်အောင် နေ့စဉ်နှင့်အမျှ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတောင် ရပ်တဲ့သွားခြင်းမရှိတဲ့အလျောက် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးကာစနိုင်ငံတွေမှာဆိုရင် ပိုပြီးနည်းပညာရှင်တွေကို လိုအပ်နေပါတယ်။ ထိုကြောင့် နိုင်ငံအသီးသီးမှာ IT နည်းပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ IT နည်းပညာကို စိတ်ဝင်စားတဲ့ ခေတ်လူငယ်အတတ်ပညာရှင်များဟာ ITPEC Program ကို လေ့လာသင်ယူနေကြပါတယ်။ ITPEC ဆိုတာ ဂျပန်နိုင်ငံအစိုးရ အသိအမှတ်ပြု IPA (IT Promotion Agency) က ကြီးမှူးကျင်းပပြီး အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ထိုင်း၊ ဗီယယ်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့က တရားဝင်အသိအမှတ်ပြုထားတဲ့ စာမေးပွဲ (ITPEC Exam) တစ်ခုလည်းဖြစ်ပါတယ်။ ITPEC Exam ကို တစ်နှစ်တွင် အထက်ပါနိုင်ငံပေါင်း (၇) နိုင်ငံမှာ ဧပြီလနှင့် အောက်တိုဘာလတို့တွင် တစ်ချိန်တည်း တစ်ရက်တည်းကျင်းပကြပါတယ်။ စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူတိုင်း နိုင်ငံတကာအသိအမှတ်ပြု ITPEC Certificate ရရှိပြီး နိုင်ငံတကာတွင် IT နှင့် ပက်သတ်သော အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်တဲ့ အခွင့်အရေးလဲဖြစ်ပါတယ်။ 𝐈𝐓𝐏𝐄𝐂 𝐄𝐱𝐚𝐦 အတွက်ဘာတွေသင်ယူရမှာလဲ? 𝗜𝗣 နဲ့ 𝗙𝗘 𝗘𝘅𝗮𝗺 တွေကို ဖြေဆိုအောင်မြင်နိုင်ဖို့ IT ရဲ့ အခြေခံပညာရပ်မှ အစပြုပြီး 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆, 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နဲ့ 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 ပတ်သတ်တာတွေကို စာတွေ့ / လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 ပိုင်းနဲ့ 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗶𝗻𝗴 ပိုင်းမှာ Professional ကျကျ လုပ်ကိုင်နိုင်ရန် လိုအပ်တဲ့ ဘာသာရပ်များဖြစ်တဲ့ ..... - C++ - Java, - Web Development, - A+, - CCNA, - Networking, - Microsoft Azure Fundamental အစရှိတဲ့ဘာသာရပ်တွေကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်သည့်အပြင် အင်္ဂလိပ်စာ၊ ဂျပန်စာကိုလည်း N2 Level အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ NHM College သည် ကျောင်းသား/သူများတောင်းဆိုမှုကြောင့် ITPEC သင်တန်းကျောင်းကိုလည်း ထပ်မံဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါသည်။ ကျွန်ုပ်တို့ NHM College သည် မြန်မာနိုင်ငံမှာပထမဆုံး ဂျပန်နိုင်ငံအခြေစိုက် IT နည်းပညာရှင်များထွက်ရှိရာ MORIOKA College နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံက ကျွမ်းကျင်အတတ်ပညာရှင်များနှင့် မြန်မာနိုင်ငံ အတတ်ပညာရှင်များပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေး နေပါတယ်။ ကျွန်ုပ်တို့ NHM College ကိုဘာကြောင့်ရွေးချယ်သင့်လဲဆိုရင် မြန်မာနိုင်ငံတွင် မည်သည် ITPEC ကျောင်းများမှ ပေးအပ်ခြင်းမရှိသေးသည် ဂျပန်နိုင်ငံတွင် အလုပ်ရှာရလွယ်ကူစေရန် ဂျပန်နိုင်ငံအသိအမှတ်ပြု Recommendation Letter နှင့် Reference Letter ကို MORIOKA College က ကိုယ်တိုင်ပေးအပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ITPEC Exam အတွက် ဘယ်သူတွေတက်ရောက်သင့်လဲ? (၉) တန်းအောင်မြင်ပြီးကျောင်းသား/သူများနှင့် (၁၀) တန်းအောင်မြင်ပြီးသူများ IT Professional Certificate ရရှိလိုသူများ၊ ဂျပန်နိုင်ငံရှိကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လိုသူများ Japan နိုင်ငံရှိကုမ္ပဏီကြီးများတွင် IT ပညာရှင်တစ်ယောက်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ၊ IT ပညာရပ်ကို စိတ်ပါဝင်စားသူများ၊

24.01.2024

NHM IT & Business College Grand Opening Ceremony

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း (၇၀) ကျော်ကြာ IT နည်းပညာရှင်များစွာကို မွေးထုတ်ပေးနေတဲ့ Morioka IT, Business & Design College နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ပထမဆုံး IT College ဂျပန်နိုင်ငံ၏မိတ်ဖက်ကျောင်းခွဲအဖြစ် NHM IT & Business College ကို ဇန်နဝါရီလ (၂၀) ရက်နေ့ Melia Yangon Hotel တွင် ကြီးကျယ်ခမ်းနားအောင်မြင်စွာဖြင့် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ… IT နှင့် ပတ်သက်ပြီး စိတ်ဝင်စားသော ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်တို့အတွက် ရွေးချယ်စရာ အသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံမှာစတင် မိတ်ဆက်လိုက်ပါပြီ။ ဂျပန်နိုင်ငံတွင် IT နည်းပညာရှင်အဖြစ် ရပ်တည်ဖို့ ခိုင်မာပြီး အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် ITPEC နှင့် အဆင့်မြင့် Japan IT Diploma တန်းခွဲများကို စတင်ဖွင့်လှစ် သင်ကြားတော့မှာဖြစ်ပါတယ်ခင်ဗျာ… မြန်မာနိုင်ငံမှ နည်းပညာရှင်လေးတွေကို မြေထောင်မြှောက်မွေးထုတ်ပေးနိုင်ရန်၊ တိုးတက်အောင်မြင်စေရန်၊ လူငယ်လူရွယ်လေးတွေရဲ့ ဘဝအာမခံချက်ခိုင်မာစေရန်ရည်ရွယ်ပြီး မိမိအတွက်ရော နိုင်ငံ့အတွက်ပါ လှပတဲ့အနာဂါတ်ကို အတူတူလျှောက်လှမ်းရင်း အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့ရဲ့ NHM IT & Business College ကနေ ကြိုဆိုနေပါတယ်။

09.12.2023

ကျွန်တော်တို့ NHM College ရဲ့ မိတ်ဖက်ဖြစ်တဲ့ ဂျပန်နိုင်ငံက IT နည်းပညာရှင်များထွက်ရှိရာ Morioka College ဆိုတာဘာလဲ?

ကျွန်တော်တို့ NHM College ရဲ့ မိတ်ဖက်ကျောင်းဖြစ်တဲ့ Morioka College ကတော့ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ရပ်တည်နေတဲ့ ကျောင်းပဲဖြစ်ပါတယ်။ Morioka College ရဲ့ ဥက္ကဌ Tatsuzawa Masaharu အကြောင်းမပြောခင် Morioka မြို့လေးကို အရင်မိတ်ဆက်ပေးရပါစေ။ ဒီမြို့လေးဟာ ဂျပန်နိုင်ငံအထက်ပိုင်းမှာတည်ရှိပြီး ဆောင်းရာသီဆို ဆီးနှင်းတွေ ကျရောက်လေ့ရှိတဲ့ Iwate ခရိုင်ရဲ့ လှပတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်။ ဤမြို့လေးမှာ ဂျပန်နိုင်ငံရဲ့ IT မျိုးဆက်သစ် လူငယ်ပညာရှင် အမြောက်အမြား ကို မွေးထုတ်ပေးနေတဲ့ ကျောင်းကတော့ Morioka College ပဲဖြစ်ပါတယ်။ ဤကျောင်းလေးကို ၁၉၅၃ ခုနှစ်တွင် Tatsuzawa Education Group ရဲ့ ဥက္ကဌ Tatsuzawa Masaharu က စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ စံထားရတဲ့ ပညာရေးကို ရည်ရွယ်မျှော်မှန်း၍ လူငယ်များရဲ့ အတက်ပညာကို အဆင့်မြင့်တီထွင်ကြံဆပြီး ထူးချွန်ထက်မြတ်စေရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ “ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ အတက်ပညာကို အလေးထားတဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာနဲ့ သစ်လွင်ပြီး Global ဆန်တဲ့ ပညာရေးကို စိန်ခေါ်ရမယ်။ ” အရင်းအမြစ်ပြုစုပျိုးထောင်ခြင်းတွေမှာ မရပ်တန့်ပဲနဲ့ ပညာရှင်တွေများကိုလည်း နယ်ပယ်တွေမှာ စိန်ခေါ်မှုအသစ်၊ နည်းပညာသစ်များနှင့် ဖန်တီးတီထွင်နိုင်အောင်ဆက်လက်လုပ်ဆောင်နေပါတယ်။ ”ကိုယ်တိုင်တီထွင်ဖန်တီးနိုင်မှု” တို့ကိုအခြေခံပြီး နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ အရေးပါသည့် အရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်လူသားများအဖြစ် မိမိတို့၏ပညာရေးဝန်ထမ်းများက စုစုစည်းစည်းနဲ့ ပျိုးထောင်ထောက်ပံ့ပေးမှာက ကျွန်ုပ်တို့၏ တာဝန်အဖြစ် သတ်မှတ်ထားပါတယ်။ ယခုအခါ ကျွန်တော်တို့ NHM College သည် မြန်မာနိုင်ငံမှာပထမဆုံး ဂျပန်နိုင်ငံ Morioka College နှင့် မိတ်ဖက်‌ကျောင်းအဖြစ် ဂျပန်နိုင်ငံအသိအမှတ်ပြု IT နည်းပညာကောလိပ်ကို စတင်ဖွင့်လှစ်တော့မှာ့ဖြစ်ပါတယ်။ အခြားနိုင်ငံ (၂၀) ကျော် Morioka ရဲ့ International Sister Schools (နိုင်ငံတကာမိတ်ဖက်ကျောင်းများ) တွေလည်းရှိသေးတယ်နော့ ဒီလိုဂျပန်နိုင်ငံရဲ့ကြီးကျယ်ခမ်းနားသော Morioka College မှာ အခြား အဆင့်မြင့် အသက်မွေးဝမ်းကြောင်းအဆင့်မြင့်သင်တန်းတွေလည်း ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာဘာသာရပ် Network and security ဘာသာရပ် အထွေထွေဘာသာရပ် အဆင်မြင့်ပညာရပ်ဘာသာရပ် စီးပွါးရေးသတင်းအချက်အလက်စနစ်ဘာသာရပ် ဒီဇိုင်းဘာသာရပ် အထွေထွေ ဒီဇိုင်းဘာသာရပ် ဟိုတယ်လုပ်ငန်းဘာသာရပ် နိုင်ငံတကာစီးပွါးရေးဘာသာရပ် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွါးရေးဘာသာရပ် ဖက်ရှင်ဆိုင်ရာ စီးပွါးရေးလုပ်ငန်းဘာသာရပ် အထွေထွေ စီးပွါးရေးဘာသာရပ် Pastry လုပ်ငန်းဘာသာရပ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဘာသာရပ် ဆေးဘက်ဆိုင်ရာ ဘာသာရပ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဘာသာရပ် Social လူမှုဝန်းထမ်းဦးစီးဌာန စိတ်ပိုင်းဆိုင်ရာ လူမှုဖူလုံရေး ဘာသာရပ် အားကစားနှင့် ကျန်းမာရေး ဘာသာရပ် ဂျူဒို ပြန်လည်ထူထောင်ဘာသာရပ်/အပ်စိုက်ဘာသာရပ် သွားဘက်ဆိုင်ရာဘာသာရပ် တိရိစ္ဆာန်ကုသရေး ဘာသာရပ် အိမ်မွေးတိရိစ္ဆာန် အလှပြုပြင်ရေး ဘာသာရပ် ခွေးလိမ္မာသင်ကြားရေး ဘာသာရပ် အိမ်မွေးတိရိစ္ဆာန်ဆိုင်ရာ လုပ်ငန်းဘာသာရပ် အိမ်မွေးတိရိစ္ဆာန် မဟာဘွဲ့ ဘာသာရပ် သူနာပြု ဘာသာရပ် ဒီလိုဂျပန်နိုင်ငံရဲ့ အဆင်အတန်းမြင့်မားတယ့် College နဲ့ မြန်မာနိုင်ငံမှ NHM College တို့ပူပေါင်း Diploma ဘွဲ့များကို ပို့ချသင်ကြားပေးတော့မှာဖြစ်ပါတယ်

1 2 3 4