24.01.2024

NHM IT & Business College Grand Opening Ceremony

🇯🇵 ဂျပန်နိုင်ငံမှာ နှစ်ပေါင်း (၇၀) ကျော်ကြာ IT နည်းပညာရှင်များစွာကို မွေးထုတ်ပေးနေတဲ့ Morioka IT, Business & Design College နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ပထမဆုံး IT College ဂျပန်နိုင်ငံ၏မိတ်ဖက်ကျောင်းခွဲအဖြစ် NHM IT & Business College ကို ဇန်နဝါရီလ (၂၀) ရက်နေ့ Melia Yangon Hotel တွင် ကြီးကျယ်ခမ်းနားအောင်မြင်စွာဖြင့် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ…

💻 IT နှင့် ပတ်သက်ပြီး စိတ်ဝင်စားသော ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်တို့အတွက် ရွေးချယ်စရာ အသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံမှာစတင် မိတ်ဆက်လိုက်ပါပြီ။ ဂျပန်နိုင်ငံတွင် IT နည်းပညာရှင်အဖြစ် ရပ်တည်ဖို့ ခိုင်မာပြီး အသက်မွေးဝမ်းကြောင်းပြုလိုသူများအတွက် ITPEC နှင့် အဆင့်မြင့် Japan IT Diploma တန်းခွဲများကို စတင်ဖွင့်လှစ် သင်ကြားတော့မှာဖြစ်ပါတယ်ခင်ဗျာ…

🇲🇲 မြန်မာနိုင်ငံမှ နည်းပညာရှင်လေးတွေကို မြေထောင်မြှောက်မွေးထုတ်ပေးနိုင်ရန်၊ တိုးတက်အောင်မြင်စေရန်၊ လူငယ်လူရွယ်လေးတွေရဲ့ ဘဝအာမခံချက်ခိုင်မာစေရန်ရည်ရွယ်ပြီး မိမိအတွက်ရော နိုင်ငံ့အတွက်ပါ လှပတဲ့အနာဂါတ်ကို အတူတူလျှောက်လှမ်းရင်း အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့ရဲ့ NHM IT & Business College ကနေ ကြိုဆိုနေပါတယ်။

Related Articles