Articles & News
04.03.2024
ITPEC (Information Technology Passport Examination) ဆိုတာဘာလဲ?
21 ရာစုရောက်ရှိချိန်မှာ နည်းပညာတွေ အံ့မခန်းထွန်းကားလာမှုနဲ့အတူ ထိုနည်းပညာတွေကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် နေ့စဉ်နှင့်အမျှ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတောင် ရပ်တဲ့သွားခြင်းမရှိတဲ့အလျောက် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးကာစနိုင်ငံတွေမှာဆိုရင် ပိုပြီးနည်းပညာရှင်တွေကို လိုအပ်နေပါတယ်။ ထိုကြောင့် နိုင်ငံအသီးသီးမှာ IT နည်းပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ IT နည်းပညာကို စိတ်ဝင်စားတဲ့ ခေတ်လူငယ်အတတ်ပညာရှင်များဟာ ITPEC Program ကို လေ့လာသင်ယူနေကြပါတယ်။
ITPEC ဆိုတာ ဂျပန်နိုင်ငံအစိုးရ အသိအမှတ်ပြု IPA (IT Promotion Agency) က ကြီးမှူးကျင်းပပြီး အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်၊ ထိုင်း၊ ဗီယယ်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့က တရားဝင်အသိအမှတ်ပြုထားတဲ့ စာမေးပွဲ (ITPEC Exam) တစ်ခုလည်းဖြစ်ပါတယ်။ ITPEC Exam ကို တစ်နှစ်တွင် အထက်ပါနိုင်ငံပေါင်း (၇) နိုင်ငံမှာ ဧပြီလနှင့် အောက်တိုဘာလတို့တွင် တစ်ချိန်တည်း တစ်ရက်တည်းကျင်းပကြပါတယ်။ စာမေးပွဲဖြေဆိုအောင်မြင်ပြီးသူတိုင်း နိုင်ငံတကာအသိအမှတ်ပြု ITPEC Certificate ရရှိပြီး နိုင်ငံတကာတွင် IT နှင့် ပက်သတ်သော အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်တဲ့ အခွင့်အရေးလဲဖြစ်ပါတယ်။
𝐈𝐓𝐏𝐄𝐂 𝐄𝐱𝐚𝐦 အတွက်ဘာတွေသင်ယူရမှာလဲ?
𝗜𝗣 နဲ့ 𝗙𝗘 𝗘𝘅𝗮𝗺 တွေကို ဖြေဆိုအောင်မြင်နိုင်ဖို့ IT ရဲ့ အခြေခံပညာရပ်မှ အစပြုပြီး 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆, 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နဲ့ 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 ပတ်သတ်တာတွေကို စာတွေ့ / လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 ပိုင်းနဲ့ 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗶𝗻𝗴 ပိုင်းမှာ Professional ကျကျ လုပ်ကိုင်နိုင်ရန် လိုအပ်တဲ့ ဘာသာရပ်များဖြစ်တဲ့ …..
– C++
– Java,
– Web Development,
– A+,
– CCNA,
– Networking,
– Microsoft Azure Fundamental
အစရှိတဲ့ဘာသာရပ်တွေကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်သည့်အပြင် အင်္ဂလိပ်စာ၊ ဂျပန်စာကိုလည်း N2 Level အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ NHM College သည် ကျောင်းသား/သူများတောင်းဆိုမှုကြောင့် ITPEC သင်တန်းကျောင်းကိုလည်း ထပ်မံဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါသည်။ ကျွန်ုပ်တို့ NHM College သည် မြန်မာနိုင်ငံမှာပထမဆုံး ဂျပန်နိုင်ငံအခြေစိုက် IT နည်းပညာရှင်များထွက်ရှိရာ MORIOKA College နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံက ကျွမ်းကျင်အတတ်ပညာရှင်များနှင့် မြန်မာနိုင်ငံ အတတ်ပညာရှင်များပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေး နေပါတယ်။ ကျွန်ုပ်တို့ NHM College ကိုဘာကြောင့်ရွေးချယ်သင့်လဲဆိုရင် မြန်မာနိုင်ငံတွင် မည်သည် ITPEC ကျောင်းများမှ ပေးအပ်ခြင်းမရှိသေးသည် ဂျပန်နိုင်ငံတွင် အလုပ်ရှာရလွယ်ကူစေရန် ဂျပန်နိုင်ငံအသိအမှတ်ပြု Recommendation Letter နှင့် Reference Letter ကို MORIOKA College က ကိုယ်တိုင်ပေးအပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ITPEC Exam အတွက် ဘယ်သူတွေတက်ရောက်သင့်လဲ?
(၉) တန်းအောင်မြင်ပြီးကျောင်းသား/သူများနှင့် (၁၀) တန်းအောင်မြင်ပြီးသူများ
IT Professional Certificate ရရှိလိုသူများ၊
ဂျပန်နိုင်ငံရှိကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လိုသူများ
Japan နိုင်ငံရှိကုမ္ပဏီကြီးများတွင် IT ပညာရှင်တစ်ယောက်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ၊
IT ပညာရပ်ကို စိတ်ပါဝင်စားသူများ၊