Articles & News
04.03.2024
21 ရာစုကို ဘယ်လိုတင်စားကြသေးလဲ?
ဟုတ်ပါတယ်… နည်းပညာခေတ် IT ခေတ်လို့ တင်စားကြပါတယ်။
ဘာကြောင့်ဒီလိုတင်စားကြသလဲဆိုတာကို မသိသေးတဲ့လူတွေလည်း အခုဆိုရင် ကွက်ကွက်ကွင်းကွင်း သိလာကြပါပြီ။
Game ဆော့မလား? အလုပ်ကိစ္စအတွက်အသုံးပြုမလား? Mobile Banking နဲ့ငွေလွှဲမလား? စတဲ့ နေ့တဓူဝ လုပ်ဆောင်နေကျအရာတွေမှာ IT နှင့် မပတ်သတ်အရာတစ်ခုမှမရှိပါဘူး။
ဒါတွေအကုန်လုံးက နည်းပညာတွေအခြေခံပြီး ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အခုခေတ် လူငယ်တွေအကုန်လုံးဟာဆိုရင် ခေတ်နဲ့အညီ Mobile Phone တစ်လုံးဆီရှိကြပါတယ်။ Mobile Phone ဆိုရင်လဲ IT နည်းပညာကို အခြေခံပြီးဖြစ်လာတာပါ။ ဒီထဲမှာ Software, Hardware, Networking ဒါတွေကို အခြေခံထားပါတယ်။
IT နဲ့ပတ်သတ်ပြီး နောက်တဆင့် ကျွန်တော်တို့ ထိတွေ့ရတာက Computer လို့ပြောရမှာပါပဲ။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးအားလုံးမသိသေးဘူးဆိုရင်တောင် အနည်းငယ်လောက်ကိုသိတယ်ဆိုမှသာ သုံးလို့အဆင်ပြေမယ်လို့ ပြောလို့ရပါတယ်။ နည်းပညာနဲ့သာ အကျွမ်းတဝင်ဖြစ်နေမယ်ဆိုရင် Mobile Phone တစ်လုံးနဲ့ ဝင်ငွေရှာဖို့ဆိုတာ မခက်ခဲတော့တဲ့ ကိစ္စတခုပါပဲ။ လူငယ်ချင်းအတူတူ ဆိုရင်တောင် နည်းပညာကို အသုံးချတတ်သူနဲ့ အကျွမ်းတဝင် မဖြစ်တဲ့သူဟာ ဒီနေရာမှာ ကွာဟချက်လေးတွေရှိလာပါပြီ။
အရင်ကဆိုရင် စာတွေကို စာပို့ခိုတွေ စာတိုက်တွေကနေတဆင့် ပို့ကြတာမျိုးတွေဟာ IT နည်းပညာကိုသာ အသုံးပြုတတ်နေမယ်ဆိုရင်တော့ ဒါတွေက လွယ်ကူနေလွန်းနေပါပြီ။
ကမ္ဘာတဖက်ခြမ်းက အချက်အလက် အကုန်လုံးကို မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာ ကမ္ဘာတခုလုံးက သိရဖို့ဆိုတာက IT သာ မရှိဘူး မဖွံ့ဖြိုးဘူးဆိုရင် ဖြစ်နိုင်ပါ့မလား?
အချိန်တွေပိုကုန်မယ် လူပင်ပန်းမယ် ဒါပေမယ့် ပြောချင်တဲ့ အကြောင်းအရာ က လူတိုင်းဆီ ရောက်ဖို့က ရာခိုင်နှုန်း အရမ်းကိုနည်းပါတယ်။ ဒါကြောင့်ပဲ လူငယ်တိုင်း အိပ်မက်က IT Field ထဲ မှာပဲ ကျင်လည်နေတာဆိုတာကငြင်းမရတဲ့အချက်တခုဖြစ်နေတာပါ။
![]()
နောက်တခုအနေနဲ့ World Richest Man တစ်ဦးဖြစ်တဲ့ Elon Musk ဘာကြောင့် ဒီနေရာရောက်လာသလဲ ဆိုတဲ့မေးခွန်းရဲ့နောက်ကွယ်က အဖြေကတော့ Information Technology ကြောင့်ပဲဆိုတာ သိကြမယ်ထင်ပါတယ်။
21 ရာစုကုန်သွားလို့ နောက်လာမယ့် ရာစုနှစ်တိုင်းမှာ IT က ဒီနေ့ထပ် ပိုပိုပြီး တိုးတက်လာမယ့် အခြေအနေပဲရှိနေတာကြောင့် IT Field ဟာ လူငယ်တိုင်း နဲ့ရင်းနှီးနေဖို့ဆိုတာ အရေးအကြီးဆုံး အချက်ပါပဲ။ ဒါကြောင့်တစ်ကမ္ဘာလုံးမှာ လွှမ်းမိုးမှု အမြန်ဆုံးနဲ့ လွှမ်းမိုးမှုအကြီးဆုံး နယ်ပယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီလို လွှမ်းမိုးမှု အမြန်ဆုံးနဲ့ လွှမ်းမိုးမှုအကြီးဆုံး နယ်ပယ်ထဲမှာ ပညာရှင်တစ်ဦးအဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ NHM College နဲ့မိတ်ဆက်ပေးပါရစေ။
ကျွန်တော်တို့ NHM College ဟာဆိုရင် ဂျပန်နိုင်ငံအခြေစိုက် Morioka College တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိ တဲ့ကျောင်းသား/ ကျောင်းသူတွေအတွက် တီထွင်မှု နည်းပညာဘာသာရပ် ( IT) နဲ့ပတ်သက်ပြီး ပညာရှင်များဖြစ်စေဖို့ အာမခံချက်အပြည့်ရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ![]()
![]()
NHM College မှာ ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်များအပြင် မြန်မာနိုင်ငံကပညာရှင်များနဲ့ ပူးပေါင်းပြီး သင်ကြားပေးမယ့် Diploma courses တွေအနေနဲ့
WEB Programmer Course
Game Programmer Course
Embedded System Course
System Engineer Course
Smart Device Application Course
Network Engineer Course
Information Security Course
Information Business Course
Publish Business Course
Graphic Design Course
Comprehensive Design Course
Anime & Manga Course
Diploma courses တွေကို သင်ကြားပို့ချပေးနေတာကြောင့် မိဘတွေအနေနဲ့ သားသမီးတွေအတွက် ထိပ်ဆုံးကနေရွေးချယ်သင့်တဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ![]()
![]()
အကြီးမားဆုံး အာသာချက်ကတော့ မြန်မာနိုင်ငံမှာပဲနေပြီး Diploma courses တွေကို ဂျပန်နိုင်ငံက အဆင့်မြင့်သင်ရိုးနဲ့ စာမေးပွဲပုံစံအတိုင်း ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် အတိအကျသင်ကြားပေးမှာဖြစ်တဲ့အပြင် ဂျပန်နိုင်ငံမှာမရှိသေးတဲ့ လုပ်ငန်းခွင်သုံး English ဘာသာရပ်ကိုပါ ပူးတွဲသင်ကြားပေးဦးမှာဖြစ်ပါတယ်။ ![]()
![]()
အဲ့ဒါတွေအပြင် သက်ဆိုင်ရာ Program မှာသင်ကြားအောင်မြင်ပြီးရင်တော့ ဂျပန်နိုင်ငံကိုသွားရောက်ပြီး ခမ်းခမ်းနားနား နဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ခွင့်ရဦးမှာဖြစ်ပါတယ်။ ![]()
![]()
လုပ်ငန်းခွင်အတွေ့အကြုံကောင်းများရရှိနိုင်ဖို့အတွက် ကျောင်းတက်နေစဥ်အတွင်းမှာပဲ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး Internship Program တွေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ နည်းပညာနယ်ပယ်မှာ အလုပ်လုပ်ချင်လား? ဒါမှမဟုတ် မြန်မာနိုင်ငံမှာရှိ တဲ့ ထိပ်တန်း ဂျပန်ကုမ္ပဏီတွေမှာ ဝင်လုပ်ချင်လား? ကျွန်တော်တို့ NHM College က စီစဥ်ပေးအုံးမှာ ဖြစ်ပါတယ်။![]()