Articles & News
24.08.2024
ယနေ့ခေတ် AI
AI က ဒီနေ့ခေတ်မှာ နေရာတိုင်းမှာတွေ့နေရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ChatGPT ဉာဏ်ရည်တုကနေတဆင့် သိချင်တာတွေအားလုံးကို မေးခွန်းတွေမေးတာ၊ chatbots တွေနဲ့ အပြန်အလှန်ဆက်ဆံရေးအပြင် နည်းလမ်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ကို ဝန်းရံပေးထားပါတယ်။
ဉာဏ်ရည်တုနည်းပညာဟာပိုပြီးကျယ်ပြန့်လာတာနဲ့အမျှ ကဏ္ဍတိုင်းနီးပါးကို AI က တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိလာပါတယ်။ ဒါဆို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ AI ကိုအသုံးပြုပြီး ဘယ်လိုလုပ်ငန်းနယ်ပယ်တွေမှာ အသုံးပြုလာကြပြီလဲ ?
● Finance
● Content
● Healthcare
● Shopping
● Transportation
● Chatbots and assistants
● Facial recognition
● Spam filters
● Testing
ကဲ! သင်မြင်တဲ့အတိုင်း ဒီနေ့ခေတ် ဥာဏ်ရည်တုကိုအသုံးချမှုတွေဟာ လက်တွေ့မှာ မရေမတွက်နိုင်အောင်ဖြစ်လာပြီး အချိန်ကြာလာတာနဲ့အမျှ ဒီစာရင်းဟာ ထပ်တိုးလာနိုင်တာကို ကျွန်တော်တို့အနေနဲ့ မျက်ဝါးထင်ထင်မြင်ကြရဦးမှာပါ။