04.03.2024

ဂျပန်နိုင်ငံအခြေစိုက် Morioka College ကနေ မြန်မာနိုင်ငံရှိ ကျောင်းသား/ ‌ကျောင်းသူများဆီသို အခွင့်အ‌လမ်းများယူဆောင်လာခဲ့

💻 IT နဲ့ တီထွင်မှုနည်းပညာဘာသာရပ်ကို လေ့လာသင်ယူပြီး ဂျပန်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ဂျပန်နိုင်ငံအခြေစိုက် Morioka College ကနေ မြန်မာနိုင်ငံရှိ ကျောင်းသား/ ‌ကျောင်းသူများဆီသို အခွင့်အ‌လမ်းများယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။

💯💯ဟုတ်ပါတယ်။ Morioka College က ဂျပန်နိုင်ငံမှာ IT မျိုးဆက်သစ် လူငယ်ပညာရှင်များ အမြောက်အမြား မွေးထုတ်ပေးနေတဲ့ ကျောင်းပဲဖြစ်ပါတယ်။ Morioka College မိတ်ဆက်ပေးရမယ်ဆိုရင် Morioka မြို့လေးကို အရင်မိတ်ဆက်ပေးရပါမယ်။ ဒီမြို့လေးဟာ ဂျပန်နိုင်ငံအထက်ပိုင်းမှာတည်ရှိပြီး ဆောင်းရာသီဆို ဆီးနှင်းတွေ ကျရောက်လေ့ရှိတဲ့ Iwate ခရိုင်ရဲ့ လှပတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်။ ဒါ့တွေမက နာမည်ကျော် လည်ပတ်ချင်စရာ နေရာတွေကလည်း အများအပြားရှိနေပါသေးတယ်။

🎌Ishiwarizakura လို့ခေါ်တဲ့ ကျောက်တုံးနှစ်တုံးကြားကနေ ထူးဆန်းစွာခွဲထွက်ပြီး ရှင်သန်နေတဲ့ 🌸Cherry ပင်ကြီး🌸

🎌ခန်းနားလှပလွန်းတဲ့ Morioka Hachimangu Shirine ဘုရားကျောင်းကြီး🕍

🎌လှပတဲ့တောင်တန်းကြီးနောက်ခံထားပြီး🏔 ချယ်ရီပင်တွေ စီတန်းပေါက်ရောက်နေတဲ့ Koiwai လယ်ကွင်းကြီး အစရှိတဲ့ နေရာတွေကလည်း ဒီမြို့ကိုလာရောက်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ။

မိမိအနေနဲ့ ဒီဘာသာရပ်တွေကို စိတ်ဝင်စားပေမယ့် ဂျပန်နိုင်ငံကိုသွားရောက်ဖို့အခက်အခဲရှိနေလည်း စိတ်မပူပါနဲ့။😜😜

ယခုအခါ ကျွန်တော်တို့ NHM College နှင့် ဂျပန်နိုင်ငံအခြေစိုက် Morioka College တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ ‌‌ကျောင်းသား/ ကျောင်းသူများအနေဖြင့် ITနဲ့ Programingပညာဘာသာရပ်ကို အလွယ်တကူသင်ကြားနိုင်ပြီး ပညာရှင်များဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်၌ ဂျပန်နိုင်ငံအသိအမှတ်ပြု Diploma ကျောင်းကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်🥰🥰

ကျောင်းသား/ ကျောင်းသူများအတွက် ဘယ်မှာမှမရှိတဲ့ အခွင့်အလမ်းကတော့ မြန်မာနိုင်ငံမှာပဲနေပြီး ဒီဘာသာရပ်တွေကို ဂျပန်နိုင်ငံကသင်ရိုးနဲ့ စာမေးပွဲပုံစံအတိုင်း အတိအကျသင်ကြားပေးမှာဖြစ်တဲ့အပြင် ဂျပန်နိုင်ငံတွင်မရှိသေးတဲ့ လုပ်ငန်းခွင်သုံး English ဘာသာရပ်ကိုပါ ပူးတွဲသင်ကြားပေးဦးမှာဖြစ်ပါတယ်။ 😱😱

လုပ်ငန်းခွင်အတွေ့အကြုံကောင်းများရရှိနိုင်ရန် ကျောင်းတက်နေစဥ်အတွင်း လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ Internship Program များဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

(၂) နှစ် သင်ကြားပြီးတာနဲ့ ဂျပန်နိုင်ငံရှိလုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်လား? ဒါမှမဟုတ် မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီတွေမှာ ဝင်လုပ်ချင်လား? မိမိတို့‌‌ကျောင်းက စီစဥ်ပေးအုံးမှာဖြစ်ပါတယ်။

Diploma ကျောင်းမှာ ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်များအပြင် မြန်မာနိုင်ငံကပညာရှင်များဖြင့် ပူးပေါင်း၍ သင်ကြားပေးမည့် ဘာသာရပ်များကတော့

⚡️WEB Programmer Course

⚡️Game Programmer Course

⚡️Embedded System Course

⚡️System Engineer Course

⚡️Smart Device Application Course

⚡️Network Engineer Course

⚡️Information Security Course

⚡️Information Business Course

⚡️Publish Business Course

⚡️Graphic Design Course

⚡️Comprehensive Design Course

⚡️Anime & Manga Course

အစရှိတဲ့ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် IT နည်းပညာကို စိတ်ဝင်စားသူ လူငယ်များ၊ မိဘများအနေဖြင့် မိမိတို့ကျောင်းကို စုံစမ်းလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။