Articles & News
24.08.2024
ဂျပန်နိုင်ငံရဲ့ ထိပ်တန်း IT အလုပ် (၅) ခု
ဂျပန်နိုင်ငံဟာ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း (DX) ကို တက်တက်ကြွကြွမြှင့်တင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ ဉာဏ်ရည်တု၊ စက်ရုပ်များနဲ့ blockchain လိုမျိုး နည်းပညာတွေ လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲနေတာကြောင့် ကျွမ်းကျင် IT ပညာရှင်များစွာလိုအပ်ပါတယ်။
အကယ်၍ သင့်အနေနဲ့ သင့်ရဲ့အသက်မွေးဝမ်းကြောင်း Career ကို ဂျပန်နိုင်ငံမှာ IT ပညာရှင်တစ်ယောက်အနေနဲ့ အခြေချဖို့ စီစဉ်ထားခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ ထိပ်တန်း IT အလုပ် (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။
Software Developers: ဂျပန်နိုင်ငံရဲ့စက်မှုလုပ်ငန်းခွင်တွေမှာ နည်းပညာနဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဟာ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ Application တွေတည်ဆောက်ဖို့နဲ့ ထိန်းသိမ်ဖို့အတွက် Programming ဘာသာစကားအမျိုးမျိုးကျွမ်းကျင်တဲ့ Developer များစွာလိုအပ်ပါတယ်။
Cybersecurity Experts: ဆိုက်ဘာခြိမ်းခြောက်မှုတွေ ပိုပြီးခေတ်စားလာတာနဲ့အမျှ ကုမ္ပဏီတွေဟာ သူတို့ရဲ့ဒေတာနဲ့ အခြေခံအဆောက်အအုံတွေကိုကာကွယ်ဖို့အတွက် ဆိုက်ဘာလုံခြုံရေးအပေါ်မှာ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံနေကြတာကြောင့် Cybersecurity ကျွမ်းကျင်ပညာရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေရရှိလာနိုင်ပါတယ်။
Data Scientists: ကုမ္ပဏီတွေမှာ ရှုပ်ထွေးတဲ့ဒေတာတွေနဲ့ပတ်သက်ပြီး analyze လုပ်ပေးနိုင်ဖို့နဲ့ လုပ်ငန်းတိုးတက်မှုကို တွန်းအားပေးနိုင်ဖို့အတွက် သေချာ Inform လုပ်ပေးနိုင်တဲ့ ကျွမ်းကျင်သူတွေလိုအပ်လာပါတယ်။
Cloud Engineers: လုပ်ငန်းတွေဟာ သူတို့ရဲ့လုပ်ငန်းဆိုင်ရာအချက်အလက်တွေကို cloud ထဲကိုရွှေ့လာကြတာနဲ့အမျှ coud Infrastructure နဲ့ ဝန်ဆောင်မှုတွေကို ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော်ဖို့နဲ့ စီမံခန့်ခွဲနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေလိုအပ်ပါတယ်။
AI and Machine Learning Specialists: ဉာဏ်ရည်တုနဲ့ Machine Learning တွေ တိုးတက်လာတာနဲ့အတူ ကုမ္ပဏီတွေဟာ စွမ်းဆောင်ရည်မြှင့်တင်ဖို့နဲ့ လုပ်ငန်းစဉ်တွေကို အလိုအလျောက်လုပ်ဆောင်နိုင်ဖို့၊ လုပ်ငန်းအခွင့်အလမ်းသစ်တွေဖန်တီးနိုင်ဖို့အတွက် AI-driven ဖြေရှင်းချက်တွေကို တီထွင်အကောင်အထည်ဖော်ဖို့ ကျွမ်းကျင်သူတွေကို ရှာဖွေလျက်ရှိပါတယ်။