24.08.2024

ဂျပန်နိုင်ငံက METRO (ရထား)

ပန်နိုင်ငံမှာ Metro စီးတော့မယ်ဆိုရင်…

ဂျပန်နိုင်ငံမှာ 🚅 Metro စီးပြီး တစ်နေရာကနေတစ်နေရာကို သွားလာကြတဲ့အခါမှာ တခြားရထားတွေစီးသလိုပဲ ပုံစံတူကျင့်ဝတ်တွေနဲ့ လမ်းညွှန်ချက်တွေပါဝင်ပေမဲ့ Metro စီးတဲ့အခါ မှတ်သားထားရမဲ့ အသေးစိတ်အချက်တချို့ရှိပါတယ်။

📍 အရင်ဦးဆုံး Metro စီးမယ်ဆိုရင် လက်မှတ် ဒါမှမဟုတ် IC ကတ်ကို လက်မှတ်စက်တွေ ဒါမှမဟုတ် ကောင်တာတွေမှာဝယ်ယူရပါမယ်။ IC ကတ် (Suica၊ Pasmo) ကတော့ အဆင်အပြေဆုံးဖြစ်ပြီး တခြား Metro လိုင်းတွေနဲ့ တခြားသယ်ယူပို့ဆောင်ရေးပုံစံတွေမှာပါ အသုံးပြုနိုင်ပါတယ်။

📍 သင်သွားရမဲ့ route တွေ၊ platform တွေ ကိုကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်။ Metro ဘူတာတွေမှာ ပုံမှန်ဆိုရင် သွားလာရာတဲ့နေရာမှာကူညီပေးနိုင်ဖို့ ရှင်းပြထားတဲ့ဆိုင်းဘုတ်တွေရှိပါတယ်။

📍 ပလက်ဖောင်းပေါ်မှာ အမှတ်အသားပြုထားတဲ့ သတ်မှတ်ထားတဲ့နေရာတွေကနေ တန်းစီရပ်ပေးရပါမယ်။

📍 Metro ပေါ်ကိုစနစ်တကျတက်ပေးပါ။ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်စွမ်းခရီးသည်တွေနဲ့ ကလေးသူငယ်တွေအတွက် ဦးစားပေးထိုင်ခုံတွေထားပေးထားပါတယ်။

📍 လူများတဲ့ ဆူညံ့တဲ့နေရာဖြစ်တာကြောင့် Metro ပေါ်မှာ အလုပ်လုပ်ဖို့နဲ့ စိတ်အပန်းဖြေနိုင်ဖို့ဆိုရင်တော့ ဆူညံသံအဆင့်ကို ထည့်သွင်းစဉ်းစားဖို့တော့လိုပါမယ်။

📍 ဒါအပြင် အနံ့ပြင်းတဲ့အစားအသောက်တွေ Metro ပေါ်မှာစားသောက်တာကို ရှောင်ကြဉ်ရပါမယ်။

တခြား ဆောင်ရန်ရှောင်ရန်တွေကတော့ နိုင်ငံကြီးသားအပြုအမူရှိသူတိုင်း လိုက်နာသင့်တာတွေပဲဖြစ်တာကြောင့် အပေါ်မှာဖော်ပြခဲ့တဲ့ အဓိကအချက်တွေကို လိုက်နာနိုင်ပြီဆိုရင်တော့ သင်ဟာ ဂျပန်နိုင်ငံမှာ စနစ်တကျ Metro စီးနိုင်ပါပြီ။